ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ် ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၀.၁၂.၂၀၂၄) ရက်နေ့ တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၅၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၇၇၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၇.၁၂.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၅၀၀၀ကျပ် ဆန်ကွဲ B(2,3,4) တစ်အိတ် ၃၀၀၀ကျပ်၊ ဖွဲနုတစ်အိတ် ၃၀၀ကျပ် ဈေးတက်၍ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၃၀၀၀ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၁၀၀၀၀ကျပ် ဈေးကျဆင်းကာ ဖွဲနုစေျးများ တည်ငြိမ် လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်)၊ နှင့် ဆန်ကွဲB(1,2) ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြား လျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းပြီး ဧည့်မထဆန်(မနောသုခ) (ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲ B(2,3,4) နှင့်ဖွဲနု ဈေးများ မြင့်တက်သွားခြင်းမှာ အဝယ်လိုက် လာခြင်းတို့ကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါ သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး